Toy Story That Time Forgot - 2014 (မြန်မာစာတန်းထိုး)
IMDb 7.2 ရရှိထားပြီး Rotten Tomatoes 100% ရာရှိထားတဲ့ Animation ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ
Toy Story နဲ့ အလှမ်းဝေးနေတဲ့ ပရိတ်သတ်များ အဖို့ အားလပ်ရက်မှာ စိတ်ကြည်နှုးဖွယ်ကြည်လို့ရအောင်
၂၀ မိနစ်စာ mini film လေးနဲ့မိတ်ဆက်ပေးပါရစေ၊ 2014 ခုနှစ်က ထွက်ထားတာပါ၊ နောက်ပိုင်းလည်း
Mini Serie လေးတွေအများကြီးတင်ပေးသွားမှာပါ။
ဒီဇာတ်လမ်းလေးက နည်းနည်းတော့ ထူးဆန်းတယ်ဗျ၊ အရင် လို ၀ူဒီ နဲ့ ဘတ်စ် တို့ရဲ့ ဇာတ်ကောင်ကို ဦး
စားပေးထားတဲ့ပုံစံမျိုးမဟုတ်ပဲ တစ်မျိုးအဖြစ်ခွဲထွက်နေပါတယ်၊၊ ဘေဘီ ရီန်းဒီး လေးနဲ့ ဇာတ်ကောင်သစ်
တစ်ခုဖြစ်တဲ့ ရပ်တေးလက်စ် တို့ကို အသားပေးထားတဲ့ ဇာတ်လမ်းပါ၊
ကဲ အညွှန်းရေးရမယ်ဆိုရင်တော့
ဘွန်နီဟာ- အရုပ်လေးတွေနဲ့ဆော့ရတာကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။ ။ သူ အရမ်းကြိုက်တဲ့
အရုပ်လေးတွေက ၀ူဒီ။ ဘတ်စ်၊ ကစ်တီဆောရပ်၊ ဒယ်ဒီ ရိန်းဒီး၊ နဲ့ ဘေဘီရိန်းဒီး တို့ပဲဖြစ်ပါတယ်။ တစ်နေ့
မှာ ဘွန်နီ့ အမေက ခရီးထွက်စရာတစ်ခု ရှိတဲ့အတွက်ကြောင့်၊ ဘွန်နီ့ သူငယ်ချင်း မေဆန် အိမ်မှာသွားထား
ခဲ့ပါတယ်။ ဘွန်နီက လည်းသူအရမ်းကြိုက်တဲ့ အရုပ်လေးတွေကိုယူလာပါတယ်။ မေဆန် က အရင်က အရုပ်
တွေကို အရမ်းရူးသွပ်သူဖြစ်ပြီး၊ ခရစ္စမတ်ကာလာဆိုတော့ ဂိမ်းစက်တစ်ခု လက်ဆောင်ရထားခဲ့ပါတယ်။
အဲတာနဲ့ပဲ သူက အရုပ်တွေကို ဂရုစိုက်ဖော်မရပဲ၊ဂိမ်းသာ ကစားနေတဲ့အတွက်၊ အရုပ်တွေက ဖြစ်ချင်တိုင်း
ဖြစ်နေပါတယ်(Toy Story ဆိုတော့....) အဲဒါနဲ့ပဲ ဘွန်နီက ဂိမ်းစက်ကို မြင်တော့သူလည်း စိတ်ပါသွားပြီး
အရုပ်ထည့်လာတဲ့ အိပ်ကိုပါပစ်ပြီး ဂိမ်းကစားပါတော့တယ်။
အဲတာနဲ့ ဘွန်နီ ရဲ့ အရုပ်တွေဟာ၊ မေဆန်ရဲ့ အရုပ်တွေထားတဲ့နေရာဆီကိုရောက်သွားပြီး၊ မေဆန်ရဲ့
အရ်ုတွေဆီမှာ အနိုင်ကျင့်ခံနေရပါတော့တယ်။ ထူးဆန်းတာက မေဆန်ရဲ့ အရုပ်တွေဟာ ဒိုင်နိုဆောရုပ်
တွေဖြစ်ပါတယ်။ အနိုင်ကျင့်ခံနေရတဲအချိန်မှာ ညာဏ်ကောင်းလှတဲ့ ဘေဘီ ရိန်းဒီး လေးဟာ၊ ဒိုင်နိုဆော
တွေလက်ထဲက တစ်ဖွဲ့လုံးလွတ်အောင်ကယ်တင်မလား၊ ဒါမှမဟုတ်..... ဘာဆက်ဖြစ်လာမလဲတော့
မပြောတော့ပါဘူး၊၊၊ ဆက်သာကြည့်လိုက်ပါတော့ဗျ...
Quality - 720p Blu ray
Size - 200Mb
Myanmar Subtitle Encoded
Duration - 21 minutes
Genre - mini films, comedy, animaion
Review and Encoded By - Thant Hlaing Oo
Translated By - Shady XXX
{[['
']]}
