List Of Movies
Showing posts with label Fantasy. Show all posts
Showing posts with label Fantasy. Show all posts

Doctor Strange (2016)မြန်မာစာတန်းထိုး


IMDB -7.9/10
Rotten Tomatoes =91%

Dream Channelရဲ့ပရိ​သတ်​ကြီးကို၂၀၁၆ခုနှစ်​အတွင်းမှာ​ထွက်​ရှိတဲ့ Marvelရဲ့Doctor Strange
ဆိုတဲ့ဇာတ်​ကားနဲ့မိတ်​ဆက်​​ပေးလိုက်​ပါတယ်။Marvelရဲ့ ထုံးစံအတိုင်း ဇာတ်​ကားက​တော့​ ပြောစရာမလို​အောင်​​ ကောင်းမယ်​ဆိုတာ rating​တွေကိုကြည့်​တာနဲ့သိနိုင်​ပါတယ်​။ဇာတ်​လမ်းအကျဉ်းက​တော့ နာမည်​ကြီးခွဲစိတ်​ဆရာဝန်​Stephen Strange တစ်​​ယောက်​ကား accidentတစ်​ခုကို ကြုံပြီး​နောက်​မှာ သူ့ရဲ့လက်​​တွေကို​ ကောင်းမွန်​စွာမလှုပ်​ရှားနိုင်​ဖြစ်​ခဲ့ရပါတယ်​။ ခွဲစိတ်​ဆရာဝန်​တစ်​​ယောက်​ရဲ့အသက်​ဖြစ်​တဲ့ သူ့လက်​​ချောင်း​တွေပြန်​ကုဖို့ နည်းမျိုးစုံနဲ့ကြိုးစားခဲ့​ပေမယ့်​ အဆင်​မ​ပြေခဲ့ပါဘူး။ ဒီလိုနဲ့ လိုက်​စုံစမ်းရင်းကနေ နီ​ပေါဘက်​က​ မှော်​ပညာ​ကျောင်းတစ်​ခုကို​ ရောက်​သွားခဲ့ပါတယ်​။ဒေါက်​တာStrangeတစ်​​ယောက်​ သူရဲ့လက်​​တွေကိုပြန်​​ကောင်း​စေဖို့​ မှော်​ပညာကိုသင်​ယူ​ပေမယ့်​ အဆင်​​မ​ပြေဖြစ်​ခဲ့ရပါတယ်​။ဒီလိုအဆင်​မ​ပြေတဲ့ကြားထဲက အန္တရာယ်​တစ်​ခုကျ​ရောက်​လာတဲ့အခါ​ ဒေါက်​တာStrangeတစ်​​ယောက်​ ဘယ်​လိုကာကွယ်​မယ်​ဆိုတာကို Marvelရဲ့ထုံးစံအတိုင်း စိတ်​ဝင်​စားဖွယ်​ရိုက်​ကူးထား​သော ဇာတ်​ကား​ကောင်းတစ်​ကားဖြစ်​ပါတယ်​။credit sceneက​တော့spoilဖြစ်​သွားမှာစိုးလို့ထည့်​မ​ရေး​တော့ပါဘူး။

Quality : HDTS 720p
Duration : 1hr 45mins
Size :  667mb
Myanmar Subtitle (Encoded)
#Copyright©DreamChannel (plss, credit when u post our videos)

[*Translated By - Chan Pyae Sone*]
[*Encoded By - Aung Ko Lin*]
[ရွှင်လန်းချမ်းမြေ့ကြပါစေ]

Download Dr.Strange
{[['']]}

The Magician - 2015 (မြန်မာစာတန်းထိုး)

The Joseon Magician (2015) - မြန်မာစာတန်းထိုး

************************************

မင်္ဂလာရှိသော တန်ဆောင်တိုင်အခါသမယ ဖြစ်ပါစေ၊ အစစ အရာရာ အဆင်ပြေပါစေလို့ Dreamers များအား DC family က နှုတ်ခွန်းဆက်သလိုက်ရပါတယ်
တန်ဆောင်တိုင်ညကို စိတ်ဝင်စားစရာကောင်းတဲ့ ကိုးရီးယား fantasy ကားကောင်းတစ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ

IMDB - 5.9/10

____________
Quality : 720p HD Blue Ray rip
Big File : 900mb for HD
Small File : 400mb for SD (good quality)
Genre : Fantasy, Action&Adventure
Durations of Movies : 1:46:32
Myanmar Subtitle (Encoded)

_______________________

သုံးသပ်ချက်

*********
ဒီတစ်ခေါက်မှာတော့ ထူးထူး ခြားခြား Box office ဒေါ်လာ ၃.၂ သန်း ၀င်ငွေရရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ၊ မင်းသားကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ Yoo Seung-ho ဖြစ်ပြီး၊ မင်းသမီးကတော့ Go-Ara ဖြစ်ပါတယ်၊ ဇာတ်ကားကို
သေချာသပ်ရပ်အောင်ရိုက်ကူးနိုင်ခဲ့တဲ့ ဒါရိုက်တာကတော့ နာမည်ကြီး ဒါရိုက်တာ Kim Dae Sung ပဲဖြစ်ပါတယ်။ ထူးခြားတာက ဒီဇာတ်ကားက ထွက်တောင့်ထွက်ခဲ့ ကိုးရီးယားး ရာဇ၀င် Film ပဲဖြစ်ပြီး၊ရာဇ၀င် Film သမိုင်းမှာ 3.2 million dollars Box-Office ရခဲ့တဲ့ထိ ထူးထူး
ခြားခြားဖြစ်ခဲ့ပါတယ်။ 21 ရာစုအတွင်းမကြည့်မဖြစ် ကိုးရီးယား ရာဇ၀င်ဇာတ်ကားကောင်းတစ်ကားပါ။ ထူးဆန်းတာနောက်တစ်ခုက ဒီကားထဲက မင်းသားကလည်း၊ ဒီဇာတ်ကားကို မရိုက်ခင် အပြင်မှာ သူကိုယ်တိုင် မျက်လှည့်ပြတတ်အောင်ကြိုးစားခဲ့ပါတယ်။ ကဲကဲ.. အောက်မှ
အညွှန်းလေးတော့ သေချာဖတ်ပေးပါနော်
_________________________________________________________________

Plot

***

ဒီဇာတ်ကားလေးက တော့ Joseon မြို့နယ်က မျက်လှည့်ဆရာတစ်ယောက်ရဲ့ ဘ၀ကို အခြေပြုပြီးရိုက်ကူးထားတာပါ။ ပြီးတော့ အင်တာနက် ပေါ်က ၀ထ္တုတစ်ခုကိုလည်း အခြေခံပြီးရိုက်ထားတာပါ။ Hwan-Hee က Joseon တိုင်းပြည်က အလိုရှိနေတဲ့ မျက်လှည့်ဆရာတစ်ယောက်ပေါ့
Hwan Hee  ငယ်ငယ်ကတည်းက ကြမ်းတမ်းတဲ့ ဘ၀ကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပေါ့။ ငယ်စဉ်ကတည်းက၊ သူ(Hwan Hee) နဲ့သူ့ ငယ်သူငယ်ချင်းဖြစ်တဲ့ Bo Eum က Gwi Moi ဆိုတဲ့ သူဆီမှာ အမြဲတမ်းအနိုင်ကျင့်ခံနေရပါတယ်။ Gwi Moi ဆိုတာကတော့ ချင်တိုင်းပြည်က မျက် 
လှည့်ဆရာတစ်ယောက်ပေါ့၊ ဒါပေမယ့် သူတို့တွေက Gwi Moi ရဲ့ လက်အောက်က နေထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်။ Cheng Myung ဆိုသူက Joseon တိုင်းပြည်ရဲ့ မင်းသမီးတစ်ပါးပေါ့။ သူက ချင်တိုင်းပြည်မှာရှိတဲ့ မင်းသားနဲ့ လက်ထပ်ဖို့အတွက် ချင်တိုင်းပြည်ကို လည်ပတ်ခဲ့တယ်။
ဒါပေမယ့် သူက ချင်တိုင်းပြည်က မင်းသားနဲ့ လက်မထပ်ချင်ဘူး။ မိသားစုဝင်တွေရဲ့ တိုက်တွန်းမှုအရ ချင်တိုင်းပြည်ကို အလည်သွားခဲ့ရတာဖြစ်ပါတယ်။ အဲဒီမှာ မင်းသမီးလေးက တောင်စောင်းလေးမှာ မျက်လှည့်ဆရာ လေး Hwan-Hee နဲ့တွေ့ဆုံခဲ့လေရော၊ Hwan Hee က Cheong Myung
ကို မင်းသမီးမှန်း မသိဘဲ ၁၅၀၀ သံယောဇဉ်တွေ ရစ်ပတ်နွယ် ပြီးချစ်မိသွားလေရော၊၊ အက်မှာ ချင်တိုင်းပြည်က Gwi Moi က Hwan Hee နဲ့ Bo-Eum ကို လူအင်အားနဲ့လိုက်ရှာခဲ့ချိန်မှာတော့၊ (သူတို့နှစ်ယောက်ရဲ့ အချစ်က အဲ့မှာတင်ပဲရပ်သွားမလား) ဒါမှမဟုတ် (Gwi Moi လက်ထဲမှာ
အဖမ်းခံရမလား) ဘာဆက်ဖြစ်မလဲဆိုတာတော့ ဆက်မပြောတော့ ပဲ Holliday လည်း ဖြစ်သလို တန်ဆောင်မုန်း လပြည့်နေ့မှာ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ Yoo Seung Ho စစ်မှုထမ်းးပြီးမှ ပထမဆုံးရိုက်ခဲ့တဲ့ ဇာတ်ကားလေးကို HD, SD နဲ့ရှုစားကြပါလော။.....

(*အညွှန်းကိုတော့ Thant Hlaing Oo မှမရေးတတ်ရေးတတ်ရေးပေးထားပါတယ်။ အမှားအယွင်းများရှိခဲ့သော် ၊ ခွင့်လွှတ်ပေးဖို့လည်းတောင်းဆိုပါရစေ)


(*ဇာတ်ကားတစ်ကားလုံးကို ဘာသာပြန်ပေးတာကတော့ ကျွန်တော်တို့ DC ရဲ့ အမာခံ ကိုးရီးယား Translator ကြီး Ye Yint Kyaw မှဖြစ်ပါတယ်)


(*ဇာတ်ကားတစ်ကားလုံး ရုပ်ထွက်ကောင်းရုံသာမက၊ အရွယ်အစား small လေးနဲ့ပင် quality ကောင်ကောင်းဖြစ်အောင် Encode ပေးတာကတော့

Encoder ကြီး Aung Ko Lin ပဲဖြစ်ပါတယ်)

*THO*

Small Size - 400Mb (Available Now)

Big Size - 900 Mb (HD) (Coming Soon....)

Capture - 900Mb (5 rars) (Coming Soon....)

Rating တွေလည်းပေးခဲ့လို့ရပါတယ်။ ကျေးဇူးတင်ပါတယ်၊ မင်္ဂလာရှိသော တန်ဆောင်တိုင် အခါသမယ နေ့လေးဖြစ်ပါစေဗျာ

{[['']]}
page visitor counter
w

Like Us On Facebook

 
Owned By : Thant Hlaing Oo | Dream Channel |
Copyright © 2016. Dream Channel - All Rights Reserved
Edited By Thant Hlaing Oo Published by Dream Channel
Thanks all our fans Have a great day!