{[['']]}
Collective Invention (2015 Korea movie) - မြန်မာစာတန်းထိုး
<>•<>•<>•<>•<>•<>•<>•<>•<>•<><>•<>•<>•<>•<>•<>•<>•
IMDb - 6.3/10
Box office: 1.6 million USD
အခု Dreamers တို့ကိုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Runner တို့ရဲ့အချစ်တော်
Lee Kwang Soo (Giraffe/Asia's Prince)လေးက main actor အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ "Collective Invention" ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်...
2015 စက်တင်ဘာလ 15ရက် နေ့မှာထွက်ရှိခဲ့တာဖြစ်ပြီး ဒါရိုက်တာ Oh Kawng kwon ရဲ့လက်ရာလေးပဲဖြစ်ပါတယ်။ နောက်ထပ်ပါဝင်အားဖြည့်ထားတဲ့ သရုပ်ဆောင်တွေကတော့ ချစ်စရာပုံစံလေးနဲ့ ပရိတ်သတ်တွေကို ဖမ်းစားထားတဲ့မင်းသမီးလေး Park Bo Young( Oh my Ghostress )ပဲဖြစ်ပါတယ်။ သူဟာဆိုရင် မင်းသား Song Joon Ki (Dots) နဲ့ ရုပ်တူလွန်းလို့ 'eye smile couple' မောင်နှမတွေဆိုပြီး ပရိတ်သတ်တွေကြား ရေပန်းစားသူတစ်ယောက်ပါ။ နောက်ထပ်အနေနဲ့ကတော့ မင်းသား Lee Chun Hee နဲ့ အခြားနာမည်ကြီးသရုပ်ဆောင်တွေ များစွာပါဝင်အားဖြည့်ထားပါတယ် ။
Cast ကတော့...
ငါးလူသား 'ပက်ဂူ' အဖြစ် Lee Kwang Su
'ပက်ဂူ' ရဲ့ရည်းစား အဖြစ် Park Bo Young
သတင်းထောက် 'ဆန်းဝမ်' အဖြစ် Lee Chun Hee
သုတေသနပါရဂူ 'ဒေါက်တာဗြောင်' အဖြစ် Lee Byung Joon
'ရှေ့နေကင်' အဖြစ် Kim Hee Won
'ပက်ဂူ'ရဲ့ဖခင် အဖြစ် Jang Gwang
တို့ကအဓိကပါဝင် သရုပ်ဆောင်ထားပါတယ်...
ဇာတ်လမ်းအညွှန်းလေးကတော့...
'ပက်ဂူ'ဟာ ပိုက်ဆံသိန်း ၃၀၀ ရဖို့အတွက် ဒေါက်တာဗြောင်ဆီမှာ အစမ်းသပ်ခံရာကနေ မှားယွင်းမှုဖြစ်ပြီး 'ငါးလူသား' အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။
ကုသဖို့နည်းလမ်းလည်းမရှိပါဖူး။ အဲ့ဒီအကြောင်းကို 'ပက်ဂူ' ရဲ့ရည်းစားလေး 'ဂျူ ဂျင်း'က အင်တာနက်အပေါ်တင်လိုက်တဲ့အခါ လူတွေကြားမှာ ပဟေဠိဖြစ်ပြီး အငြင်းပွားစရာတစ်ခု ဖြစ်လာပါတော့တယ်။ သတင်းထောက် 'ဆန်းဝမ်'က 'ဂျူ ဂျင်း'ကိုသွားရောက် အင်တာဗျူးတဲ့အခါမှာတော့ အဖြစ်မှန်ကို လူတွေသိသွားကြပါတော့တယ်။ ငါးလူသားအဖြစ် ပြောင်းလဲသွားတဲ့ 'ပက်ဂူ'ကို လက်ခံတဲ့သူရှိသလို လက်မခံနိုင်တဲ့သူတွေလည်း ရှိကြပါတယ်။ ဒီလိုနဲ့ 'ပက်ဂူ'တစ်ယောက် 'ဒေါက်တာဗြောင်' နဲ့အမှုရင်ဆိုင်ဖို့ဖြစ်လာတဲ့အခါ ဘယ်လိုအနိုင်ယူသွားမလဲဆိုတာကိုတော့ Dreamers တို့ကပဲ ဆက်လက်ကြည့်ရှု ခံစားလိုက်ကြပါတော့နော်...
တစ်ကယ်ကို ဟာသနဲ့ သနားစရာ ရသလေးတွေကို တစ်ပြိုင်တည်းပေးစွမ်းနိုင်ပြီး လူတွေရဲ့ သဘောထား အကျင့်စရိုက်တွေကို ရှုထောင့်အမျိုးမျိုးကနေ ရိုက်ကူးတင်ဆက်ပေးထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
ဒီဇာတ်ကားလေးကို Translator အနေနဲ့ Anner ł§ နဲ့ Encoder အနေနဲ့ကတော့ Ko Aung Ko Lin တို့က ပူးပေါင်းတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။
"Dream Channel"ပရိတ်သတ်ကြီးတို့ ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးအများကြီးတင်ပါတယ်...
+ comments + 1 comments
F.B Page ရှိလားမသိဘူး..
ရှိရင်ပြောပြပါနော်
Post a Comment